————————–
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၂၄)ရက်
မန္တလေး၊အောင်မြေသာစံမြို့နယ်မှာ အဆောက် အဦပြိုကျလို့လူ(၅)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
စက်တင်ဘာလ(၂၄)ရက် မနက်(၂)နာရီကျော်အချိန် ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၂၀လမ်း၊ ၈၆-၈၇လမ်းကြားမှာ အဆောက်အဦပြိုကျမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒီ့ဖြစ်စဉ်ကြောင့် ကျား(၂)ဦး၊ မ(၃)ဦး စုစုပေါင်း(၅)ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) နဲ့ မ(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) တို့ကို စေတနာ မေတ္တာ ဂရုဏာအသင်းမှ လူနာတင်ယာဉ်(၁)စီး၊ ချမ်းသာသုခအသင်းမှ လူနာတင်ယာဉ်(၁)စီးတို့ဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်း တွေဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။