———————————–
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၂၄)ရက်
လူငယ်တစ်ဦး ငမိုးရိပ်ချောင်းထဲ ခြေချော်ကျပြီးပျောက်ဆုံးသွားလို့ ရှာဖွေနေတယ်လို့ လှည်းကူးမြို့နယ်ကြက်ခြေနီအသင်းမှ တာ၀န်ရှိသူတစ်ဦးက Mercury News ကိုပြောပါတယ်။
စက်တင်ဘာလ(၂၄)ရက်နေ့ ဒီနေ့မှာလည်းမိသားစု တွေရဲ့ အကူညီတောင်းခံမှုအရ မနက်(၀၉:၀၀) အချိန် မှစပြီးပူးပေါင်းအဖွဲ့ တွေနဲ့ထပ်မံရှာဖွေခြင်း လုပ်ငန်းများဆောင် ရွက်ရှိတယ်လို့ လှည်းကူးမြို့နယ်ကြက်ခြေနီအသင်းကသိရပါတယ်။
လှည်းကူးမြို့နယ်ကြက်ခြေနီအသင်းမှတာ၀န်ရှိသူတစ်ဦးက” မိသားစုကအကူညီတောင်းခံလာလို့ ရှာဖွေမှာတွေပြုလုပ်နေပါတယ်။အခုချိန်ထိတော့ DBကိုမတွေ့သေးဘူး”လို့ပြောပါတယ်။
စက်တင်ဘာ(၂၃)ရက်နေ့ကလူငယ်တစ်ဦးခြေချော်ကာ ငမိုးရိပ်ချောင်းအတွင်း နစ်မြုပ်ပျောက်ဆုံးနေတယ်လို့ မိသားစုမှ အကူညီတောင်းခံမှုကြောင့် ကြက်ခြေနီစေတနာ့လုပ်အားရှင်များမှ အရပ်ဘက်အဖွဲ့စည်းတွေနဲ့ပူးပေါင်းပြီး ရှာဖွေခြင်းလုပ်ငန်းများဆောင်ရွက်နေတာဖြစ်ပါတယ်။