Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သီရိလင်္ကာ သမ္မတရွေးကောက်ပွဲမှာ မာ့က်စ်ဝါဒီအမတ် Dissanayake အနိုင်ရ

၂၀၂၄၊စက်တင်ဘာလ၊၂၃ရက်

သီရိလင်္ကာနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ မာ့က်စ်ဝါဒီ လွှတ်တော်အမတ် Anura Kumar Dissanayake က အနိုင်ရသွားပါတယ်။

Dissanayake ဟာ အသက် ၅၅ နှစ်ရှိပြီး အလုပ်သမားလူတန်းစားဘက်က ရပ်တည်သူလို့သိကြသလို လက်ဝဲယိမ်း အမျိုးသားပြည်သူအာဏာပါတီကို ဦးဆောင်သူဖြစ်ပါတယ်။

ပထမအကျော့ သမ္မတရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းသုံးဦးစလုံးက မဲ ၅၀ ရာခိုင်နှုန်းကျော်မရတဲ့အတွက် ဒုတိယအကျော့ ထပ်မံယှဉ်ပြိုင်ပြီး မာ့က်စ်ဝါဒီ လွှတ်တော်အမတ် Anura Kumar Dissanayake က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။