၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၂၁)ရက်
ရွှေပြည်သာမြို့နယ်၊သာဓုကန်စက်မှုဇုန်ရှိမြောင်းထဲမှာ ဒီဇယ်ဆီတွေယိုစိမ့်နေတဲ့အတွက် မီးမလောင်အောင်ဆောင်ရွက်ပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
စက်တင်ဘာလ(၂၁)ရက် နေ့လည်ပိုင်းမှာ ရန်ကုန် တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ သာဓုကန်လမ်း၊ မြောင်းထဲမှာ ဒီဇယ်ဆီများယိုစိမ့်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုယိုစိမ့်မှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ Foamအမြှုပ်ဆေးရည်တွေအသုံးပြုပြီး မီးလောင်မှုမဖြစ်ပွားစေဖို့အတွက် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။