Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နောက်(၂၄)နာရီအတွင်း လေပွေလှိုင်းများမြန်မာနိုင်ငံကိုဖြတ်မည်၊ဒေသ(၁၅)ခု မိုးသည်းထန်မည်

—————————————

၂၀၂‌၄ခုနှစ်၊စက်တင်ဘာလ၊(၂၁)ရက်

နောက်(၂၄)နာရီအတွင်း မြန်မာနိုင်ငံကိုလေပွေလှိုင်းများဖြတ်ဖို့ရှိပြီး အဲဒီလို လေပွေလှိုင်းတွေဖြတ်သန်း ချိန်မှာဒေသ(၁၅)ခုမှာမိုးသည်းထန်နိုင်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၁ ရက် ညနေ ၆ နာရီ မှ စက်တင်ဘာ ၂၂ ရက် ညနေ ၆ နာရီ(၂၄ နာရီအတွင်း) မြန်မာထိုင်းနယ်စပ်ကို ကရင်ပြည်နယ် ကမမောင်းမြို့ မြောက်ဘက်မှဖြတ်ကျော်ဝင်ရောက်လာပြီးနောက် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တောာင်ပိုင်းတို့အားဖြတ်သန်းပြီး စက်တင်ဘာ ၂၃ ရက် နံနက်အစောပိုင်းတွင် ဘင်္ဂလားအော်အရှေ့အလယ်ပိုင်းသို့ ရောက်ရှိမယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

လေပွေလှိုင်းဖြတ်သန်းစဉ် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ နေပြည်တော်(အရှေ့)၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်း-မြိတ်မြို့နဲ့အထက်ဒေသအချို့မှာ မိုးရေချိန် ၃၀မီလီမီ တာအထက်မိုးများနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီ့အပြင်ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းဒေသအချို့၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်းမြိတ်မြို့အောက်ဘက်ဒေသတွေမှာတော့ မိုးအသင့်အတင့်(၂၄ နာရီအတွင်း မိုးရေချိန် ၂၅ မီလီမီတာအောက်)သာ ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။