၂၀၂၄၊စက်တင်ဘာလ၊၂၁ရက်
ကချင်ပြည်နယ်မှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ဇူလိုင်လ၂၁ရက်တည်းက ပြတ်တောက်သွားခဲ့တာဟာ ၂လပြည့်လာပြီ ဖြစ်ပါတယ်။
ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေမရရှိတာကြောင့် ဒေသခံတွေရဲ့ ငွေသွင်းငွေထုတ်လုပ်လုပ်ငန်းတွေ၊ကုန်ပစ္စည်း မှာယူတဲ့နေရာတွေမှာ အခက်အခဲများစွာဖြစ်ပေါ်နေပြီးကုန်ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီးနားမြို့က ပြည်နယ်စုပေါင်းရုံးနားမှာတော့ MPTဖုန်းလိုင်းရတတ်ပြီး Starlink Wifiတတ်ဆင်ထားတဲ့ နေရာတွေမှာတော့ တစ်နာရီ ၂၀၀၀၀ ဝန်းကျင်ပေးပြီး အင်တာနက် သုံးလို့ရနေတယ်လို့သိရပါတယ်။