၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၂၀)ရက်
ငမိုးရိပ်ဆည်ဟာ အခုရက်ပိုင်းမှာရေအနည်းငယ်ပြန်တိုးလာပြီးရေပိုလွှဲမှ (၂)ပေကျော်ရောက်ရှိနေပြီလို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။
စက်တင်ဘာလ(၁၈)ရက်မှာ ငမိုးရိပ်ဆည်ဟာ ရေပိုလွှဲမှ (၁.၇၅)ပေသာကျော်လွန်ခဲ့ပြီး အခု စက်တင် ဘာလ(၁၉)ရက်မနက်ပိုင်းမှာ ရေပိုလွှဲမှ(၂.၁၀)ပေအထိကျော်လွန်ခဲ့ပြီး ဒီကနေ့ စက်တင်ဘာလ(၂၀) ရက်မှာအနည်းငယ်ပြန်ကျသွားပြီး (၂)ပေကျော်သာရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ငမိုးရိပ်ဆည်ရေပြည့်လျှံလာတဲ့အတွက် ငမိုးရိပ်ချောင်းနဲ့အနီးဆုံးရပ်ကွက်အချို့မှာ ရေစတင်ဝင်ရောက်တာမျိုးတွေရှိပါတယ်။
လတ်တလောအချိန်အထိကတော့ ငမိုးရိပ်ဆည်ဟာ ရေပိုလွှဲကနေ ရေကျော်အမှတ်ဟာ ပုံမှန်ရေကျော် အမှတ်မှာသာရှိနေပြီး စိုးရိမ်ရတဲ့ ရေအမှတ်ကိုမရောက်သေးဘူးလို့ သိရပါတယ်။