————————————–
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၂၀)ရက်
မကွေးတိုင်းမှာ မိုးသည်းထန်လို့ မြေသားပြိုကျမှုနဲ့ သစ်ပင်တွေလဲပြိုမှုတွေဖြစ်ပွားခဲ့တယ်လို့ မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
စက်တင်ဘာ(၂၀)ရက်မနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အမှတ်(၁၅)နယ်မြေ၊ ရတနာအိုင့်ရပ်မှာ နေအိမ်အနောက်ဖက် ကမ်းပါးရှိမြေသားတွေပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။
ဒီ့အပြင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မြမဉ္ဇူလမ်းနဲ့ ရွှေတမာလမ်းမှာ သစ်ပင်တွေလဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သလိုမကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရှမ်းစုရပ်မှာ နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားပါတယ်။
အဲဒီ့ဖြစ်စဉ်တွေကို မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။