၂၀၂၄၊စက်တင်ဘာလ၊၂၀ရက်
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေတဲ့ မြန်မာပြည်သူတွေအတွက် ဥရောပသမဂ္ဂ (အီးယူ) ကနေ လူသားချင်းစာနာမှု အရေးပေါ် အကူအညီအဖြစ် ယူရို ၁.၂ သန်း ပေးအပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် ထိခိုက်ခံစားရတဲ့ မြန်မာပြည်သူတွေအတွက် ဝမ်းနည်းကြောင်းနဲ့ ဒီရန်ပုံငွေတွေကို မြန်မာနိုင်ငံက ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့တဲ့ ဒေသတွေကို အကူအညီပေးဖို့ ပေးအပ်သွားမယ်လို့ အီးယူရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အီးယူအနေနဲ့ ဒီအကူအညီတွေကို ထိထိရောက်ရောက်ပေးအပ်နိုင်ဖို့ ဒေသတွင်းက မိတ်ဖက် အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။