Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပဲခူးတိုင်း၊‌ဝက်ဖြူကုန်းကျေးရွာတွင်ရေဘေးသင့်ပြည်သူရာ‌(၁၅၃)ဦးအစာအဆိပ်သင့်ခဲ့၊အတွင်း လူနာ(၄၁)ဦး ဆေးရုံမှဆင်းပြီဖြစ်


၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၉)ရက်

ပဲခူးတိုင်း၊ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စု၊ဝက်ဖြူကုန်းကျေးရွာ ဘုန်းကြီးကျောင်းရှိရေဘေးသင့်ပြည်သူ(၁၅၃)ဦးအစာအဆိပ်သင့်လို့ ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

ရေဘေးသင့်သူတွေအတွက် စက်တင်ဘာလ ၁၈ ရက် မနက်ပိုင်းက အလှူရှင်တွေလာရောက်လှူဒါန်းကြာဇံကြော်၊အချဉ်နဲ့ထမင်း၊ကြက်ဥ၊မကျည်းမှည့်ချက်တွေကို ကျေးရွာနေပြည်သူတွေစားသုံးပြီးနောက် ဗိုက်နာခြင်း၊အော့အန်ခြင်းနဲ့ ဝမ်းလျှောခြင်းစတဲ့ အစာအဆိပ်သင့် ရောဂါလက္ခဏာတွေဖြစ်ပွားပြီး ပြည်သူ့ဆေးရုံကြီး ၊တောင်ငူမြို့သို့ ပြင်ပလူနာအဖြစ် (၆၈)ဦး၊အတွင်းလူနာအဖြစ် (၆၅)ဦး လာရောက်ကုသမှုခံယူခဲ့ကြတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားပါတယ်။

လတ်တလောမှာ အစာအဆိပ်သင့်ပြီး ဆေးရုံတက်ခဲ့ရတဲ့ အတွင်းလူနာ(၄၁)ဦး ဆေးရုံမှဆင်းခွင့်ရရှိ ပြီဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ-အင်တာနက်