၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၉)ရက်
ရေဘေးသင့်ပြည်သူတွေအတွက်လှူဒါန်းထားတဲ့ အစားအစာအချို့မှ အစာအဆိပ်သင့်လို့ နေပြည်တော်တပ်ကုန်းနဲ့တောင်ငူမှာ လူဦးရေ ရာကျော် ကုသမှုတွေခံယူခဲ့ရတယ်လို့ သိရပါတယ်။
အစာအဆိပ်သင့်ရတဲ့အကြောင်းရင်း(၃)ချက်ရှိနေပြီးအစားအစာတွေဟာ အလုံပိတ်ထုတ်ပိုးထားတာ၊ နာရီပေါင်းများစွာကြာမြင့်နေတာ၊အစားအစာ ကိုကိုင်တွယ်တဲ့ လက်တွေ မသန့်တာကြောင့် အစာအဆိပ်ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
အစားအစာတွေအစာအဆိပ်မသင့်အောင် ချက်ပြုတ်ပြီး(၄)နာရီအတွင်း စားသုံးနိုင်အောင် လှူဒါန်းသင့်တယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အခုလို အကြံပြုပြောထားပါတယ်။
ရေဘေးသင့်ပြည်သူတွေအတွက်လှူဒါန်းတဲ့အခါမှာ ခရီးဝေးကနေ ချက်ပြုတ်သယ်ဆောင်လာတာမျိုးထက် အနီးဆုံးနေရာမှာ ချက်ပြုတ်ပြီးမှ လှူဒါန်း သင့်သလို လက်သန့်ရှင်းဖို့ ရေသန့်ရှင်းဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။