၂၀၂၄စက်တင်ဘာ(၁၈)ရက်
ရေဘေးသင့်ပြည်သူတွေအတွက် အမိုးသွပ်များ ဈေးလျှော့ရောင်းချသွားမှာဖြစ်တယ်လို့
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်(MCEF)ကသတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာလက်တလောဖြစ်ပေါ်နေတဲ့ရေကြီးရေလျှံမှုတွေကြောင့် အခက်အခဲရင်ဆိုင်နေရတဲ့ရေဘေးသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ အသုံးပြုနိုင်ဖို့ အတွက်အမိုးသွပ် အချပ်ရေ (၃၀၀၀၀) ကျော် ကိုကာလပေါက် ဈေးနှုန်းရဲ့(၄၀)ရာ ခိုင်နှုန်းလျော့ဈေးဖြင့် ရောင်းချသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေတဲ့ အလှူရှင်တွေ၊အဖွဲ့အစည်းတွေအနေနဲ့လှူဒါန်းလိုတဲ့ မြို့နယ်၊ သွပ်ပြားအရေအတွက် တွေကို လျှောက်လွှာ အမြန်ဆုံးတင်သူတွေကို ဦးရာလူစနစ်ဖြင့် စိစစ်ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။