Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တပ်ကုန်းမြို့နယ်တွင် ရေဘေးသင့်ပြည်သူအတွက်လာလှူ‌သောအစား အစာများစားမိရာမှလူဦးရေ(၁၀၀) ကျော် အစာအဆိပ်သင့်

————————————-

၂၀၂၄ခုနှစ်၊စက်တင်ဘာလ(၁၈)ရက်

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာမှာ လူဦးရေ

(၁၁၅)ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရေဘေးသင့်ပြည်သူတွေအတွက် အလှူရှင်တွေက လာရောက်လှူဒါန်းတဲ့ ဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက် တွေကို စားသောက်ပြီးနောက် အဲဒီ့နေ့ညနေပိုင်းမှာ ဝမ်းလျှောခြင်း၊ အော့အန်ခြင်းအစရှိတဲ့ အစာအဆိပ်သင့်ရောဂါလက္ခဏာတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အစာအဆိပ်သင့်လို့ တပ်ကုန်းမြို့နယ် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံမှာ ပြင်ပလူနာအဖြစ် (၅၀)ဦး၊ အတွင်းလူနာအဖြစ် (၅၆)ဦး၊ ကလေးရောဂါအထူးကုဆေးရုံကြီး – နေပြည်တော်မှာ အတွင်းလူနာအဖြစ် (၅)ဦး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)မှာ အတွင်းလူနာအဖြစ် (၄)ဦး တက်ရောက်ကုသမှုခံယူလျက်ရှိပြီး လူနာ‌တွေအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိတယ်လို့ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားပါတယ်။