Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခ တိုးမြင့်ကောက်ခံမယ်လို့ မြန်မာသံရုံး၊နယူးဒေလီက ထုတ်ပြန်

၂၀၂၄၊စက်တင်ဘာလ၊၁၈ရက်

အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းတွေအတွက် ပေးဆောင်ရမဲ့နူန်းထားတွေကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မြန်မာသံရုံး၊နယူးဒေလီက ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်သက်တိုးခြင်းတွေအတွက် အိန္ဒိယရူပီး၂၉၄၀ပေးဆောင်နေရတာဖြစ်ပြီးပျောက်ဆုံးဒဏ်ကြေးအနေနဲ့ အမေရိကန် ၁၀၅ဒေါ်လာ၊သက်တမ်းလွန် ဒဏ်ကြေးအနေနဲ့ အမေရိကန်၁၅ဒေါ်လာကို ပေးဆောင်နေရတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁ရက် စတင်ပြီးမြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနဲ့ စပ်လျဉ်းပြီး စာအုပ်တစ်အုပ်လျှင် အိန္ဒိယရူပီး ၃၆၀၀ကို ပြောင်းလဲတိုးမြင့်ကောက်ခံသွားမှာဖြစ်ပြီး ပျောက်ဆုံး ဒဏ်ကြေးနဲ့သက်တမ်းလွန်ဒဏ်ကြေး ကပြောင်းလဲခြင်းမရှိဘူးလို့ မြန်မာသံရုံး၊နယူးဒေလီကထုတ်ပြန်ထားပါတယ်။