—————————————
အိန္ဒိယနိုင်ငံမှ ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးပစ္စည်းတန်ချိန်(၅၃)တန် မြန်မာနိုင်ငံသို့လှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ သိရပါတယ်။
အိန္ဒိယနိုင်ငံမှသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းတန်ချိန်(၃၂) တန်နဲ့အိန္ဒိယတပ်မတော်မှ ကယ်ဆယ်ရေးပစ္စည်း (၂၁)တန် မြန်မာနိုင်ငံသို့လှူဒါန်းသို့ပေးပို့လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ကူညီကယ်ဆယ်ရေးပစ္စည်းတွေမှာ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းများဖြစ်တဲ့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်း တွေပါဝင်တဲ့ သေတ္တာတွေနဲ့ဆေးဘက်ဆိုင်ရာပစ္စည်းသေတ္တာ တွေမှာဆေးဝါး၊ အစားအသောက်၊ မီးဖိုချောင်သုံး ပစ္စည်းကိရိယာ တွေ၊ အဝတ်အထည်တွေ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ ရွက်ဖျင်တဲတွေ၊ ခြင်ထောင် တွေ၊ ဆိုလာမီးအိမ်တွေနဲ့ ရေသန့်စင်ရေး ပစ္စည်းတွေ ပါဝင်ပါတယ်။