————————————–
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၇)ရက်
ထူးကဲဒီရေတက်နေချိန်မှာ ရေကြီးရေလျှံဖြစ်ပွားနိုင်တဲ့အတွက် ရန်ကုန်နဲ့ မော်လမြိုင်အပါအဝင်ပင်လယ်နဲ့ဆက်စပ်နေတဲ့ဒေသတွေသတိထားဖို့လိုအပ်တယ်လို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ဒီနေ့စက်တင်ဘာ (၁၇ )ရက်မှ စက်တင်ဘာ (၂၃) ရက်အထိရန်ကုန်မြစ်ထူးကဲဒီရေတက်ဖို့ ရှိတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေးထားပါတယ်။
ထူးကဲဒီရေတက်နေချိန်မှာ ရန်ကုန်မြို့ရှိကျောက် တန်းဒေသ၊ပုစွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်းအနီးနေထိုင်သူတွေအထူးသတိထားဖို့လိုအပ်ပြီး ရွှေ့ပြောင်းရန်လိုအပ်ပါက ရွှေ့ပြောင်း နေထိုင်သင့်တယ်လို့ သိရပါတယ်။