Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘောဇဘဏ်လီမိတက်မှ ကျပ်‌‌ငွေ (၁၀) ဘီလီယံ မတည်လှူဒါန်း

၂၀၂၄၊စက်တင်ဘာလ၊၁၆ရက်

မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ ရေဘေးသင့်ဒေသများက ရေဘေးသင့်ပြည်သူတွေရဲ့ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက် ကမ္ဘောဇဘဏ်လီမိတက်မှ ကျပ်‌‌ငွေ (၁၀) ဘီလီယံ မတည်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရေကြီးရေလျှံဖြစ်ပွားနေတဲ့ နေရာဒေသ အသီးသီးအတွက် ဘဏ်ခွဲပေါင်း (၁၀၀) ကို အရေးပေါ် ကူညီရန် ဌာနများအဖြစ်သတ်မှတ်ထားပြီး ဘဏ်ခွဲတစ်ခုကို ကျပ်သိန်း(၁၀၀၀)ဖြင့် ကျပ်ငွေ (၁၀) ဘီလီယံ လှူဒါန်းခဲ့တယ်လို့ ကမ္ဘောဇဘဏ်လီမိတက်က ထုတ်ပြန်ပါတယ်။

KBZ Bank ကစက်တင်ဘာ (၁၀) ရက်နေ့ကစတင်ပြီး ရေဘေးဒဏ်ကို အဆိုးရွားဆုံး ခံစားရတဲ့ နေရာဒေသတွေဖြစ်တဲ့ အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေနှင့် အင်းလေး၊ တပ်ကုန်း၊ ရမည်းသင်း ၊ ပျော်ဘွယ် စတဲ့နေရာ အသီးသီးကို လိုအပ်တာတွေပေးပို့လှူဒါန်းနေတယ်လို့သိရပါတယ်။

ကမ္ဘောဇဘဏ်လီမိတက်ရဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ပထမဆင့်အနေနဲ့ ကယ်ဆယ်ရေးကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး ဒုတိယဆင့်အနေနဲ့ ပြန်လည်ထူထောင်ရေးအတွက်လည်း အစီအစဉ်တွေရေးဆွဲပြီး ကူညီဆောင်ရွှက်ပေးသွားမယ်လို့သိရပါတယ်။