Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စားအုန်းဆီဈေးနှုန်း ရည်ညွှန်းဈေး(၇၀၀၀)နီးပါးဖြစ်လာ

______________________________________________________________

၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၆)ရက်

စားအုန်းဆီဈေးနှုန်းအနည်းငယ်ထပ်တက်လာပြီးရည်ညွှန်းဈေး(၆၇၂၀)ကျပ်ဖြင့် ရောင်းဖို့သတ် မှတ်လိုက်တယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေး စားအုန်းဆီတစ်ပိဿ (၆၄၉၀)ကျပ်သတ်မှတ်ခဲ့ပြီး အခုအပတ်မှာတော့ စားအုန်းဆီတစ်ပိဿာကို ငွေကျပ်(၆၇၂၀)နဲ့ စက်တင်ဘာ (၁၆)ရက်မှ စက်တင်ဘာ(၂၂)ရက်အထိ ရောင်းချဖို့ သတ်မှတ်လိုက်ပါတယ်။

စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်တွေ၊ ဘဏ်စရိတ်တွေ၊ အခွန်အခတွေ ထည့်သွင်းတွက်ချက်ပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ဖောက်ကားရမယ့် အခြေခံလက် ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးတာဖြစ်ပါတယ်။

ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်ပြီး သိုလှောင်တာအပါအဝင် မသမာတဲ့လုပ်ဆောင်မှုတွေ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။