Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်ငူမြို့မှာစစ်တောင်းမြစ်ရေ အဆိုးရွားဆုံးအခြေအနေ (Extreme Level) အဆင့်ကိုရောက်ရှိ

၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊၁၄ရက်

တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေ အဆိုးရွားဆုံးအခြေအနေ (Extreme Level) အဆင့်ကိုရောက်ရှိနေပြီလို့ အရပ်ဘက်မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က သတိပေးပြောကြားလိုက်ပါတယ်။

စစ်တောင်းမြစ်ရေဟာ တောင်ငူအထက်ဘက်မှာစိုးရိမ်ရေမှတ်(Danger Level)အထက်ကို ကျော်လွန်ကာEXTREME Level ကိုရောက် ရှိနေတဲ့အပြင် တောင်ငူအောက်ဘက် ရွှေကျင်အထက်ဘက်(နတ်သံကွင်း)မှာလဲ EXTREME Level ကိုရောက်နေပြီလို့ဆိုပါတယ်။

လက်ရှိရောက်ရှိနေတဲ့ အဆိုးရွားဆုံးအခြေအနေ (Extreme Level) ရောက်နေတဲ့ ရေအခြေအနေဟာ ၂၀ ရက်နေ့မှသာ ပြန်ကျနိုင်မယ်လို့ခန့်မှန်းထားတာကိုတွေ့ရပါတယ်။

တောင်ငူမြို့နယ်မှာ စက်တင်ဘာလ(၁၁)ရက်နေ့ကစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့်စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိလာတဲ့အတွက်အရေးပေါ်ရွှေ့ပြောင်းမှုများပြုလုပ်နေရပြီး ရေဘေးသင့်သူတစ်သိန်းကျော်အထိ ရှိတယ်လို့သိရပါတယ်။