၂၀၂၄၊ စက်တင်ဘာလ၊ ၁၄ရက်
ရုရှားနဲ့ တိုက်ခိုက်နေတဲ့ ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးလိုက်တာနဲ့ နေတိုးနှင့် ရုရှားတို့ စစ်ဖြစ်ရလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးလိုက်ပါတယ်။
ယူကရိန်းနဲ့ ရုရှားရဲ့ စစ်ပွဲဟာ နှစ်နှစ်ခွဲ ကျော်ရှိလာချိန်မှာ ယူကရိန်းက နေတိုးကို စစ်ပွဲနဲ့သက်ဆိုင်တဲ့ စည်းမျဉ်း၊စည်းကမ်း တွေကို လျော့ချပေးဖို့နဲ့ တာဝေးပစ်လက်နက်တွေကိုထောက်ပံ့ပေးဖို့တောင်းဆိုလိုက်ချိန်မှာ ရုရှားဘက်ကလဲ အခုလိုသတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ယူကရိန်းတပ်ဖွဲ့တွေက ရုရှားအနောက်ပိုင်းနယ်မြေ ကာ့ရှ်ဒေသကိုသိမ်းပိုက်ခဲ့တာကြောင့် ယူကရိန်းနဲ့ရုရှားကြားမှာ စစ်ပွဲတွေပြန်လည်ပြင်းထန်နေတာဖြစ်ပါတယ်။