၂၀၂၄၊စက်တင်ဘာလ၊၁၄ရက်
မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌဌာနာစရိယ)က ရေဘေးသင့် ပြည်သူတွေအတွက် ပထမအကြိမ်အဖြစ် အလှူငွေကျပ်သိန်း ၁ဝဝဝ မတည် လှူဒါန်းသွားမယ် လို့ သိရပါတယ်။
မြောက်ဦးဆရာတော်ရဲ့ လှူဒါန်းငွေတွေကို ဆရာတော်ရဲ့တပည့်တွေဖြစ်ကြတဲ့ ဦးဇဝန၊ ဦးဥတ္တရဝံသ(မန္တလေး)က ဦးဆောင်ပြီး လိုအပ်တာတွေကို စတင်စီစဉ်နေကြကြောင်းသိရပါတယ်။
မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒသည် လက်ရှိမှာတော့ အမေရိကန်နိုင်ငံမှာ ခေတ္တရောက်ရှိ သီတင်းသုံးနေတာဖြစ်ပြီး ရေဘေးသင့်ပြည်သူတွေအတွက် မတည်ငွေ ကျပ်သိန်း၁၀၀၀ အထိ လှူဒါန်းခဲ့တာဖြစ်ပါတယ်။