————————————–
၂ဝ၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၃)ရက်
ရေဘေးသင့်ပြည်သူတွေအတွက် ဘောလုံးပွဲလက်မှတ်ဝင်ငွေထဲမှ (၅၀)ရာခိုင်နှုန်းကို ရန်ကုန်ယူနိုက်တက်အသင်းကလှူဒါန်းဖို့ ရှိတယ်လို့သိရပါတယ်။
စက်တင်ဘာလ ၁၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမယ့်ရန်ကုန်ယူနိုက်တက်အသင်း နဲ့ဒဂုံစတားယူနိုက်တက် အသင်းပွဲစဉ်မှ ရရှိတဲ့ ပွဲလက်မှတ်ဝင်ငွေ ၅၀ ရာခိုင်နှုန်း ကိုရန်ကုန်ယူနိုက်တက်အသင်းမှ
လှူဒါန်းသွားမှာဖြစ်ပါတယ်။
မိုးရွာသွန်းမှုများပြားလာခြင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး သဘာဝဘေးအန္တရာယ် ကြုံတွေ့နေကြရတဲ့ ရေဘေးသင့်ပြည်သူများအတွက် တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်ရန်အတွက် ရည်ရွယ်ပြီးလှူဒါန်းမှာဖြစ်ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းနဲ့ဒဂုံစတားယူနိုက်တက် အသင်းပွဲစဉ်ကိုစက်တင်ဘာလ ၁၄ ရက်နေ့ ညနေ (၃)နာရီခွဲမှာYangon United Sports Complex (YUSC)မှာယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။