Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရေဘေးသင့်ပြည်သူတွေအတွက် မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို လေလံတင်ရောင်းချမဲ့ထွန်းထွန်းမင်း

၂၀၂၄၊စက်တင်ဘာလ၊၁၃ရက်

မြန်မာနိုင်ငံအနှံ့က ရေဘေးသင့်ဒေသများကို လှူဒါန်းနိုင်ဖို့အတွက် မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို လေလံတင်ရောင်းချသွားမယ်လို့ ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ထွန်းထွန်းမင်းက သူ့ရဲ့facebookစာမျက်နှာကနေတဆင့် တရားဝင် ကြေညာလိုက်ပါတယ်။

ထွန်းထွန်းမင်းက ‘ဒီချန်ပီယံခါးပတ်ကို ရရှိဖို့ အသက်နဲ့ရင်းပြီး ကြိုးစားခဲ့ရသလို အရမ်းလဲမြတ်နိုးတန်ဖိုးထားရပေမဲ့ ရေဘေးသင့်ပြည်သူတွေနဲ့ ယှဉ်လာတဲ့အခါ ကျွန်တော့မှာ ခံနိုင်ရည်မရှိတော့ပါဘူး။ချန်ပီယံခါးပတ်ကို လေလံတင်ရောင်းချမှာဖြစ်ပြီး ရလာသမျှအားလုံးကို ရေဘေးအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်” လို့ ပြောထားတာဖြစ်ပါတယ်။

ထွန်းထွန်းမင်းရဲ့ ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို လေလံတင်ရောင်းချလို့ရတဲ့ငွေကြေး အတိအကျကိုမီဒီယာကတဆင့် ကြေညာမှာဖြစ်ပြီး ရရှိလာတဲ့ငွေကြေးအားလုံးကိုလဲရေဘေးအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။