၂၀၂၄၊စက်တင်ဘာ၊၁၂ရက်
ထိုင်းနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေမှာ ကာလတို ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူတွေကို Passport for Education (PE) type နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာတွေ ပြုလုပ်ပေးတော့မှာ မဟုတ်ဘူးလို့ ဘန်ကောက်မြို့မှာရှိ မြန်မာသံရုံးက ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေဟာ ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ virtual format ပုံစံနဲ့ ကာလတိုလာတက်ရောက်တဲ့သူတွေ အလွန်များပြားလာတဲ့အတွက် စက်တင်ဘာ ၁၆ ရက်နေ့ကပြီး PE type နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာတွေ ဆောင်ရွက်ပေးတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထိုင်းနိုင်ငံ၊တက္ကသိုလ်တွေမှာ ဘွဲ့ကြို၊ ဘွဲ့လွန် ကာလရှည် နဲ့ Primary Secondary တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုတော့ Passport for Education (PE) လဲလှယ်ခြင်းတွေကိုတော့ အရင်အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။