Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မိုးသည်းထန်၍ ပုဂံတွင်ရှေးဟောင်းဘုရားနှစ်ဆူပြိုကျ

———————————–

၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၂)ရက်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စက်တင်ဘာ (၁၂)ရက်က မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက ဘုရား(၂)ဆူ ပြိုကျပျက်စီးတာ‌တွေရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီ့လို‌ ပြိုကျပျက်စီးခဲ့တဲ့ အကြောင်းကိုရှေးဟောင်းသုတေသနကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ ဦးဇေမျိုးလင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက ဘုရားအမှတ် ၁၀၄၂ ၁၃ရာစုလက်ရာ ဆင်ကဘုရား(ခေါ်) ဆင်ကအုတ်တိုက်ရှည်နဲ့ ငှက်ပစ်တောင်ပေါ်က ၁၂ရာစုလက်ရာ စေတီကြီးဘုရားတို့ ပြိုကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။