—————————————————————————
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၂)ရက်
လေပွေလှိုင်းတွေကြောင့် မန္တလေးတိုင်းမှာ ဆည်ရေလျှံတာ၊ နေပြည်တော်မှာရေကြီးနစ်မြုပ်တာတွေ ကြုံတွေ့ ခဲ့ရပြီးနောက် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ သဘာဝဘေးတွေထပ်ကြုံဖို့ရှိတယ် လို့သိရပါတယ်။
‘‘လေပွေလှိုင်းတွေကြောင့် မိုးသည်းထန်ပြီး ဆည်တွေဘာတွေကျိုးတယ်လို့ကြားတယ်။မန္တလေးတိုင်း၊ ဝမ်းတွင်း ဘက်၊ကျောက်ဆည်ဘက်က ဆည်အသေးတွေ၊တမံအသေးတွေကျိုးတယ်တော့ကြားတယ်။အဲဒါကတော့ မနေ့ တုန်းကြုံခဲ့တဲ့ အခြေအနေတွေကို ကြားသိရတာဖြစ်တယ်။ကိုယ်တိုင်ကြုံရတာမဟုတ်တော့ သေချာတော့ မပြောနိုင်ပါဘူး။ အခုစက်တင် ဘာလ (၁၂)ရက် တစ်နေ့လုံး ချင်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည် နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်းနဲ့ မကွေးတိုင်းတို့မှာ မိုးများနိုင်တယ်။သဘာဝဘေးကြုံနိုင်ပါတယ်”လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်ကပြောပါတယ်။
အခုအောက်တိုဘာလ(၁၂)ရက်မှာအဲဒီ့ဒေသတွေမှာ မိုးသည်းထန်တာ၊ ရေကြီးရေလျှံဖြစ်တာ၊မြေပြိုတာတွေပါ ဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်။
ချင်းပြည်နယ် မတူပီ၊ပလက်ဝစတဲ့နေရာတွေချင်းပြည်နယ်တောင်ပိုင်း၊ရခိုင်ပြည်နယ်မြောက်ပိုင်း၊စစ်ကိုင်းတိုင်း အောက်ပိုင်းနဲ့ မကွေးတိုင်းတို့မှာ မိုးသည်းထန်တာ၊ရေကြီးနစ်မြုပ်တာ၊မြေပြိုတာစတဲ့ သဘာဝဘေးတွေ ကြုံတွေ့ နိုင်တယ်လို့ သိရပါတယ်။