Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နေပြည်တော်၊တပ်ကုန်းရှိကျေးရွာများ ရေကြီးနစ်မြုပ်နေ

—————————————–

၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၁)ရက်

နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိကျေးရွာတွေ ရေကြီးနစ်မြုပ်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

စက်တင်ဘာလ(၁၁)ရက် မနက်(၅)နာရီခွဲကတည်း က နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ မန်ကျည်းပင်ကျေးရွာ၊ လက်ပံပုကျေးရွာ၊ ပိန်းတောကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ရှောက်ကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ညောင်လွန့်၊ တပ်ကုန်းမြို့တွင်း၊ အနော်ရထာရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ ရွေမာန်းတော်ရပ်ကွက်၊ ဆေးရုံ၊ ဘိုးဘွားရိပ်သာများအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့လို့ရှာဖွေကယ်ဆယ်ရေးတွေဆောင်ရွက်ပေးခဲ့ရတယ်လို့ဆိုပါတယ်။

“မိုးတွေတစ်နေ့လုံးတစ်ညလုံးရွာတယ်။ကျွန်တော်တို့ ‌တပ်ကုန်းနောင်သင်္ခါရွာသစ်ကြီးကျေးရွာမှာလည်းရေတွေမြုပ်နေပြီ။အောက်ထပ်တစ်ထပ်လုံး တော့မြုပ်နေပြီ။ကယ်ဆယ်ရေးတွေကို စောင့်နေပါတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မီးသတ်တပ်ဖွဲ့အနေနဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူဦးဆောင်တဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် တွေဟာ ရေဝင်ရောက်နေတဲ့ အိမ်ထောင်စုတွေကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။

နေပြည်တော်၊တပ်ကုန်းမှာရေဘေးသင့်သူတွေများနေတဲ့အတွက် မန္တလေးမှ လူမှုကူညီရေးအဖွဲ့မှ သွားရောက် ကူညီကယ်ဆယ်ဖို့ရှိတယ်လို့သိရပါတယ်။