Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကလောတွင် ချောင်းရေမြင့်တက်လာမှုကြောင့် ရေကြီးနစ်မြုပ်နေ

——————————————————————————————-

၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၀)ရက်

အခုရက်ပိုင်းအတွင်းမှာ မိုးတွေအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် ကလောမြို့မှာချောင်းရေမြင့်တက်လာပြီး ရေတွေကြီးနေတယ်လို့ သိရပါတယ်။

‘‘ကလောမှာ မိုးကတစ်နေကုန်ရွာနေတာ။ချောင်းတွေမြောင်းတွေက ကွေ့ကောက်နေတော့ ရေသိပ်များလာရင် အကွေ့အကောက်တွေအတိုင်းရေကတန့်သွားတော့ ရေတွေကြီးလာတာပေါ့။ ဒါက ကလောကလူတွေ အတွက် အထူးအဆန်းတော့မဟုတ်ဘူး။ ဖြစ်နေကျပေါ့။ဒီနေ့ကတော့ ပိုကြီးမယ်ထင်တာပဲ။ မိုးကတစ်နေကုန်ရွာနေတာ” လို့ ကလောဒေသခံတစ်ဦးကပြောပါတယ်။

ကလောရှိရပ်ကွက်အချို့မှာ ‌ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပြီး အခုရက်ပိုင်းအတွင်းမှာ မိုးဆက်လက်ရွာသွန်းဦးမှာ ဖြစ်ပါတယ်။

တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်းတွေဟာ မြန်မာနိုင်ငံအရှေ့ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေက နေဖြတ်သန်းဝင်ရောက်လာတဲ့အတွက် ရှမ်းပြည်နယ်အတွင်းရှိ၊ကလော၊တာချီလိတ်စတဲ့ဒေသတွေမှာရေကြီး နစ်မြုပ်တာတွေဖြစ်ပွားနေသလို မြဝတီမြို့မှာလည်းမယ်ဆိုင်ချောင်းရေလျှံပြီးရေကြီးနစ်မြုပ်တာတွေရှိနေတယ်လို့ သိရပါတယ်။