၂၀၂၄၊စက်တင်ဘာလ၊၁၀ရက်
ကချင်ပြည်နယ်မှာ ဆက်သွယ်ရေးကွန်ရက်တွေအားလုံးပျက်တောက်နေပြီး starlink wifiမှ အင်တာနက်ရရှိထားတဲ့နေရာတွေမှာတော့ တစ်နာရီနှစ်သောင်းပေးပြီး အသုံးပြုလို့ရနေတယ်လို့သိရပါတယ်။
‘ဖုန်းလိုင်းတွေကတော့အားလုံးတော့မရသေးဘူး။ MPTတော့ စုပေါင်းရုံးနားမှာတစ်ချက်တစ်ချက်ရတယ်။တခြားလိုင်းတွေတော့မရသေးဘူး။အင်တာနက်ကတော့ စတားလင့်တပ်ထားတဲ့နေရာမှာ တစ်နာရီ နှစ်သောင်းလောက်ပေးပြီးသုံးလို့ရတယ်ပြောကြတယ်”လို့မြစ်ကြီးနားမြို့ခံတစ်ဦးကပြောပါတယ်။
ကချင်ပြည်နယ်ဟာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ ၂လနီးပါးကြာမြင့်လာပြီဖြစ်ပြီး ဒေသခံတွေဟာဆက်သွယ်ရေးနဲ့ပတ်သတ်ပြီးအခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။