——————————————————————————–
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၀)ရက်
တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေမြင့်တက်နေပြီး ရပ်ကွက်အချို့မှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတယ်လို့ တာချီလိတ်အခြေစိုက်လူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်။
အရင်ရေကြီးနေကျရပ်ကွက်တွေမှာပဲ ရေကြီးနစ်မြုပ်နေတာတွေဖြစ်ပေါ်နေပြီး ရေဘေးကူညီကယ်ဆယ်ရေး တွေဆောင်ရွက်ပေးနေရတယ်လို့ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပြ ပါတယ်။
‘’အရင်ကြီးနေကျနေရာတွေကအခုပိုဆိုးနေတာပေါ့။ ဒီနှစ်ပိုဆိုးသွားတာပေါ့။ ကျွန်တော်တို့ဆိုင်တွေ ပိတ်ထားရတယ်။အရင်ကြီးနေကျဖြစ်တဲ့တာလော့ ၊မကာဟိုခမ်း၊မယ်ခေါင်၊ ဆန်ဆိုင်း၊ပုန်းထွန်ရပ်ကွက် တွေမှာပဲရေကြီးနေတာဖြစ်ပါတယ်”လို့ တာချီလိတ်ဒေသခံတစ်ဦးက ပြောပြပါတယ်။
တာချီလိတ်မှာ အခုရေကြီးတာဟာ ဒီနှစ်အတွင်း (၈)ကြိမ်မြောက် ရေကြီးတာဖြစ်တယ်လို့ သိရပါတယ်။