၂၀၂၄၊စက်တင်ဘာလ၊၇ရက်
တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းမှာ အင်အားကြီး စူပါတိုင်ဖွန်းမုန်တိုင်း ယာဂီ တိုက်ခတ်ခဲ့တာကြောင့် လူနှစ်ဦးထက်မနည်း သေဆုံးပြီး၉၂ ဦးအထိ ဒဏ်ရာရခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဟိုင်နန်ကျွန်းမှာ တိုက်ခတ်ခဲ့တဲ့ ယာဂီမုန်တိုင်းဟာ တစ်နာရီ လေတိုက်နှုန်း ၂၃၀ ကီလိုမီတာအထိရှိခဲ့ပြီး သစ်ပင်များအမြစ်မှ ကျွတ်ထွက်ကာ လူပေါင်း ၄၆၀၀၀၀ ခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့လဲ CCTV သတင်းရုပ်သံဌာနက ဖော်ပြခဲ့ပါတယ်။
အဆိုပါမုန်တိုင်းဟာ ဟိုင်နန်ကျွန်းကို စက်တင်ဘာ ၆ ရက်က ဝင်ရောက်ခဲ့တာ ဖြစ်ပြီး အပျက်အစီးများစွာရှိခဲ့သလို သေဆုံးသူတွေလည်းရှိခဲ့တာဖြစ်ပါတယ်။