Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

FMI အမှုဆောင်ဥက္ကဋ္ဌ ရာထူးမှ ဉီးသိမ်းဝေ အနားယူ

၂၀၂၄၊စက်တင်ဘာလ၊၇ရက်

မြန်မာနာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် ဦးသိမ်းဝေဟာ ရန်ကုန်စတော့အိတ်(စ)ချိန်း-YSX စာရင်းဝင် ပထမမြန်မာရင်းနှီးမြှုပ်နှံမှု (First Myanmar Investment-FMI) ရဲ့ အမှုဆောင်ဥက္ကဋ္ဌရာထူးကနေ အနားယူလိုက်ပြီလို့ သိရပါတယ်။

လက်ရှိမှာ ကုမ္ပဏီရဲ့ အမှုဆောင်ဒါရိုက်တာနဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ်အနေနဲ့ တာဝန်ယူထားတဲ့ ဦးထွန်းထွန်းက စက်တင်ဘာ ၅ ရက်နေ့မှစပြီး အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် ပြောင်းလဲ တာဝန်ယူမယ်လို့သိရပါတယ်။

ဦးသိမ်းဝေဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာလည်း စင်ကာပူစတော့အိတ်(စ)ချိန်းစာရင်းဝင် ရိုးမမဟာဗျူဟာဦးပိုင်လီမိတက်ရဲ့ အမှုဆောင်ဥက္ကဋ္ဌရာထူးကနေလည်း နှုတ်ထွက်ထားခဲ့တာဖြစ်ပါတယ်။