Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပြည်ပရောက် မြန်မာလုပ်သားများ၏လစာ (၂၅)ရာခိုင်နှုန်းကို တရားဝင်မလွှဲပါကပြည်ပသို့အလုပ်ဖြင့်ထွက်ခွာခွင့်မပြုဟုသတ်မှတ်

————————————–

၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၆)ရက်

ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့လစာ(၂၅) ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှမလွှဲပါကပြည်ပသို့ အလုပ်နဲ့ထွက်ခွာခွင့်မပြုတော့ဘူးလို့ အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်လိုက်ပါတယ်။

တရားဝင်လမ်းကြောင်းတွေမှတစ်ဆင့် လွှဲပြောင်းပေးပို့ခြင်းမရှိပါက လွှဲပို့ထားတဲ့ အထောက်အထားများမပြသနိုင်တာ၊ ပျက်ကွက်တာ‌တွေရှိပါက ပြည်ပကိုအလုပ်နဲ့ထွက်ခွာခွင့် ကာလအကန့်အသတ်ဖြင့်ပိတ်ပင်ခြင်း၊ OWIC ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်မထုတ်ပေးတာ၊နိုင်ငံကူးလက်မှတ်မထုတ်ပေးတာ တွေဆောင်ရွက်သွားမယ့်အပြင် စိစစ်‌ အရေးယူမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား‌တွေအနေနဲ့ မိမိတို့ရရှိတဲ့ လုပ်ခလစာတွေကို မိသားစုထံလွှဲပို့ရာမှာ တရားမဝင်ဟွန်ဒီလုပ်ငန်းလုပ်ကိုင်သူ တွေထံမှမလွှဲပြောင်းကြဖို့နဲ့ တရားဝင်လမ်းကြောင်း‌ တွေကနေတစ်ဆင့် လွှဲပြောင်းကြရမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရသိရပါတယ်။