၂၀၂၄၊စက်တင်ဘာလ ၊၄ရက်
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းစု ဆိုင်ယမ်ဘိလပ်မြေအုပ်စု (SCG) ဟာ မြန်မာစက်ရုံနှစ်ခုရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းလိုက်တယ်လို့THE NATION THAILANDမှာဖော်ပြထားပါတယ်။
နိုင်ငံရေးပဋိပက္ခတွေကိုအကြောင်းပြုပြီး စက်ရုံတွေက စက်ပစ္စည်းတွေ ခိုးယူခံနေရတာတွေရှိနေတဲ့အပြင် မတည်ငြိမ်တဲ့အခြေအနေတွေကြောင့် ပြန်ပြီးလည်ပတ်ဖို့တောင် မလွယ်ကူဘူးလို့ ဒုတိယဥက္ကဋ္ဌ Thammasak Sethaudom က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် ပြည်ပလုပ်ငန်းကြီးအများစုဟာ လုပ်ငန်းတွေ ရပ်နားပြီး နိုင်ငံကနေအသီးသီးထွက်ခွာလာကြတာဖြစ်ပါတယ်။