————————————-
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၄)ရက်
တရုတ်နိုင်ငံ၊ပေကျင်းမြို့မှ ပေကျင်းဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့ဝင်တွေ အနေနဲ့ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းသို့လေ့လာရေးခရီးလာရောက်ဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရပါတယ်။
ပေကျင်းဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာပေကျင်း Yonghe Temple၊ Guanghua Temple၊ Buddhist Lodge၊ Tanzhe Temple၊ Youshengjiao Temple တို့မှ လာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ့အဖွဲ့ဝင်တွေဟာ စက်တင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ မြန်မာနိုင်ငံ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့မှာ လေ့လာရေးခရီးသွားရောက်ကာ ဒေသခံ ဗုဒ္ဓဘာသာကျောင်းတိုက်နှင့် ပညာသင်ကောလိပ်များကြား ချစ်ကြည်ရင်းနှီးစွာ ကူလူးဖလှယ်သွားမှာဖြစ်ပါတယ်။
ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌနဲ့Yonghe Temple ကျောင်းထိုင်ဆရာတော် Lama Hu Xuefeng တို့ဟာ ပေကျင်းဗုဒ္ဓဘာသာကိုယ်စား လှယ်အဖွဲ့ကိုဦးဆောင်ပြီး စက်တင်ဘာလ ၃ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ကကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဉ် နှစ်ဦးနှစ်ဖက်မှ တရုတ်-မြန်မာ ဗုဒ္ဓဘာသာအစဉ်အလာ တရားဓမ္မချစ်ကြည်မှု ခိုင်မြဲရေး၊ နှစ်နိုင်ငံပြည်သူအချင်းချင်း စိတ်နှလုံးနီးစပ်မှုမြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်တွေကို အမြင်ချင်းဖလှယ်ခဲ့ကြပြီး သံမှူး Mr. Li Qianguo စတဲ့သက်ဆိုင်သူတွေ အဲဒီ့အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။