Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထိုင်းဘဏ်တွေမှာ ငွေလွှဲပြောင်းမှု ရပ်ဆိုင်းမည့်သတင်းက မဟုတ်မှန်ဟု ဗဟိုဘဏ်ငြင်းဆို

၂၀၂၄ ၊စက်တင်ဘာ၊၃ရက်

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးဘဏ်တွေဖြစ်တဲ့ ကစီကွန်း (K Bank) နဲ့ ဆိုင်ယမ်ကော်မာရှယ် (SCB Bank) အပါအဝင် ဘဏ်အချို့ဟာ မြန်မာဘဏ်တွေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေ ဆောင်ရွက်ပေးမှုကို ရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းဘဏ်တွေဘက်ကလဲ ဒီသတင်းတွေအပေါ်မှာ ငြင်းဆန်သွားခဲ့ပြီး သံသယဖြစ်စရာ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ တရားမဝင် ဆောင်ရွက်ချက်တွေရှိမှပဲ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်နဲ့အညီ ဘဏ်စာရင်းပိတ်သိမ်းတာတွေကို ဆောင်ရွက် မှာဖြစ်ကြောင်း ဖြေရှင်းထားပါတယ်။

မြန်မာနိုင်ငံက ကုန်သွယ်ရေးလုပ်ငန်းတွေဟာ တရားဝင်ကုန်သွယ်ရေးလုပ်ငန်းတွေ ဖြစ်တာကြောင့် သံသယဖြစ်စရာ ဆောင်ရွက်ချက်တွေမရှိနေသ၍ ပုံမှန်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေ ဆက်ပေးနေမှာဖြစ်တယ်လို့ သိရပါတယ်။