—————————————————————————————-
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၂)ရက်
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာရှိ ရိုးရာနေအိမ်များကိုမူလရိုးရာအစဉ်အလာမပျက် ပြုပြင်မွမ်းမံ လျက်ရှိသလို လာမယ့်နှစ်မှာ ဥယျာဉ်သဖွယ်သာယာလှပဖို့နည်းပညာတွေနဲ့ ဆောင်ရွက်သွားဖို့တယ်လို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှသိရပါတယ်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူပြီး တိုင်းရင်းသားရိုးရာအိမ်တွေ ပြန်လည် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို အရင်က ဒီရေတောနယ်မြေဖြစ်နေသော်လည်း ဥယျာဉ်သဖွယ် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် နည်းပညာတွေနဲ့ဆောင်ရွက်နိုင်ဖို့ အခုထက်ပိုမိုပြုပြင် ထိန်းသိမ်းဖို့လိုအပ်တဲ့လုပ်ငန်းတွေကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ တင်ပြတောင်းခံဖို့လိုအပ်တယ်လို့ လည်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားကျေးရွာသို့ ကြည့်ရူစစ်ဆေးစဉ် ထည့်သွင်းပြောခဲ့ပါတယ်။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာရှိ ရိုးရာနေအိမ်များပြုပြင်မွမ်းမံတဲ့လုပ်ငန်းကိုသတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးဖို့နဲ့ သတ်မှတ်စံချိန်စံညွှန်းများနဲ့အညီ အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့တယ်လို့သိရပါတယ်။