Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဖိလစ်ပိုင် အာဏာပိုင်တွေက အွန်လိုင်းဒုစရိုက်ဂိုဏ်းကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ မြန်မာ၆ဉီး အပါအဝင် နိုင်ငံခြားသား ၁၆ဝ ကျော်ကို ဖမ်းမိ

၂၀၂၄၊စက်တင်ဘာ၊၂ရက်

ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ တရားမဝင် အွန်လိုင်းလောင်းကစားနဲ့ ဆိုက်ဘာဒုစရိုက်လုပ်ငန်းတွေကို အာဏာပိုင်တွေ စနေနေ့က ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာ၆ဉီး အပါအဝင် နိုင်ငံခြားသား ၁၆ဝ ကျော်ကို ဖမ်းဆီးမိလိုက်တယ်လို့ AP သတင်းဌာနက ဖော်ပြထားပါတယ်။

ဒီတရားမဝင်လောင်းကစားလုပ်ငန်းကြီးတွေဟာ ဖိလစ်ပိုင်ဥပဒေတွေကို လျစ်လျူရှုပြီး စည်းမျဉ်းစည်းကမ်းတွေကို အကြီးအကျယ် ချိုးဖောက်နေတဲ့အပြင် ငွေကြေးလိမ်လည်တာ၊ လူကုန်ကူးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ပြန်ပေးဆွဲတာနဲ့ လူသတ်တာ စတဲ့ရာဇဝတ်မှုတွေကို ကျူးလွန်နေကြတယ် လို့ ဖိလစ်ပိုင် သမ္မတ မားကို့စ်က ပြောကြားထားပါတယ်။

ဖမ်းဆီးမိထားတဲ့နိုင်ငံခြားသားတွေထဲမှာ တရုတ်နိုင်ငံသား ၈၃ ယောက်၊ အင်ဒိုနီးရှား အယောက် ၇ဝ၊ မြန်မာ ၆ယောက်ပါဝင်နေပြီး သူတို့ကို လူဝင်မှုကြီးကြပ်ရေးဌာနက စစ်ဆေးပြီး နေရပ်ပြန်ပို့သွားမှာဖြစ်တယ်လို့ AP သတင်းဌာနကဖော်ပြထားပါတယ်။