Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာပြည်မြောက်ပိုင်းအခြေအနေအရှိန်လျော့ကျလာအောင်လုပ်ဆောင်မည်ဟုတရုတ်ပြော

———————————————————————————–

၂၀၂၄ခုနှစ်၊သြဂုတ်လ၊(၃၁)ရက်

တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက် လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေဖို့ အရှိန်မြှင့်တင်ဖော်ဆောင်သွားဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သြဂုတ်လ၊(၃၁)ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။

AFP သတင်းဌာနက တရုတ်နိုင်ငံဟာ TNLA ကို မြန်မာ- တရုတ်နယ်စပ်ဒေသနဲ့ နီးစပ်တဲ့နေရာမှာ စစ်ရေးလှုပ်ရှားမှုရပ်တန့်ဖို့၊ တရုတ်နိုင်ငံဘက်က TNLA ကို စစ်ဆင်ရေး ရပ်တန့်ဖို့ တောင်းဆိုမှုရှိမရှိကို အတည်ပြုပေးနိုင်မလားဆိုတဲ့မေးမြန်းချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ Mr. Lin Jian က အထက်ပါအတိုင်းပြန်လည်ဖြေကြားထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှုအခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးဖို့နဲ့ အပစ်အခတ်ရပ်စဲဖို့ လုပ်ငန်းအမြဲလုပ်ဆောင်နေ တယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အကြီးဆုံးအိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်က မြန်မာနိုင်ငံ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးအတွက် အမြဲတစေ စိတ်ရင်းအမှန်ဖြင့် မျှော်လင့်ပြီး တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။