Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသက်လေပြင်းတိုက်ခတ်နိုင်၍ ပင်လယ်ပြင်သို့သွားလာသူများသတိထားရန်လို

———————————————————————————–

၂၀၂၄ခုနှစ်၊သြဂုတ်လ၊(၃၁)ရက်

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ ပိုမိုအားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်း လာပြီးမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိလာပြီဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

အဲဒီ့မုန်တိုင်းငယ်ဟာ လက်ရှိသြဂုတ်လ(၃၁)ရက်မှာ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်း မြို့(Hainggyigyun)ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၅၇၀ မိုင်ခန့်၊ သံတွဲမြို့(Thandwe) ရဲ့ အနောက်ဘက် ရေမိုင် ၅၆၅ မိုင်ခန့်နဲ့ အိန္ဒိယနိုင်ငံမြို့သုံးမြို့အနီးရှိပင်လယ်ပြင်မှာ ဗဟိုပြုနေတာဖြစ်ပါတယ်။

မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်လို့ မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ သတိထားဖို့လိုအပ်တယ်လို့အသိပေးနှိုးဆော်ထားပါတယ်။

မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့်အခြေအနေမရှိလို့ အဝါရောင်အဆင့်လို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။