၂၀၂၄ခုနှစ်၊သြဂုတ်လ၊(၃၀)ရက်
ပဲခူးမြို့နယ်၊ ဘုရားကြီးလမ်းဆုံမှာစက်သုံးဆီတင်ယာဥ်နဲ့ ကုန်တင်ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကသတင်းထုတ်ပြန်ပါတယ်။
သြဂုတ်လ(၃၀)ရက်နေ့ နေ့လယ်(၁၂း၃၀)အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးလမ်းဆုံမှာ UD Quester အမျိုးအစားစက်သုံးဆီတင်ယာဉ်နဲ့ Nissan အမျိုးအစား ကုန်တင်ယာဉ်တို့ တိုက်မိတိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်တာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီယာဥ်တိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့မြန်မာနိုင်ငံမီးသတ်ဥ◌ီစီးဌာနသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယာဥ်တိုက်မှုဖြစ်ပွားရာနေရာကို ပဲခူးမြို့နယ်မီး သတ်စခန်းမက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းကမီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။