Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမည်ဟုထုတ်ပြန်

—————————————————————————–

၂၀၂၄ခုနှစ်၊သြဂုတ်လ၊(၃၀)ရက်

အိမ်သုံးမီတာခတွေနဲ့ လုပ်ငန်းသုံးမီတာခတွေကို စက်တင်ဘာလ (၁)ရက်နေ့မှစတင်ပြီး တိုးမြှင့်ကောက်ခံ သွားဖို့ရှိတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကဒီကနေ့သြဂုတ်လ(၃၀)ရက်မှာထုတ်ပြန်လိုက်ပါတယ်။

အိမ်သုံးအမျိုးအစားလျှပ်စစ်မီတာခအတွက် ဓာတ်အားခကို (၁) ယူနစ်မှ (၅၀) ယူနစ်အထိ ၅၀ ကျပ်၊ (၅၁) ယူနစ်မှ (၁၀၀) ယူနစ်အထိ ၁၀၀ ကျပ်၊ (၁၀၁) ယူနစ်မှ (၂၀၀) ယူနစ်အထိ ၁၅၀ ကျပ်၊ (၂၀၁) ယူနစ်နဲ့အထက် ၃၀၀ ကျပ် တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပါတယ်။

အရင်ကတော့ အိမ်သုံးလျှပ်စစ်မီတာခတွေဟာ (၁) ယူနစ်မှ (၅၀) ယူနစ်အထိ ၃၅ ကျပ်၊(၃၁)ယူနစ်မှ(၅၀) ယူနစ်အထိ ၅၀ ကျပ်၊(၅၁)ယူနစ်မှ(၇၅)ယူနစ်အထိ ၇၀ ကျပ်၊(၇၆)ယူနစ်မှ(၁၀၀)ယူနစ်အထိ ၉၀ ကျပ်၊ (၁၀၁) ယူစနစ်မှ (၁၅၀)ယူနစ်အထိ ၁၁၀ ကျပ်၊(၁၅၁)ယူနစ်မှ(၂၀၀)ယူနစ်အထိ ၁၂၀ ကျပ်၊ (၂၀၁) ယူနစ်နဲ့အထက် ၁၂၅ ကျပ်သာ ကောက်ခံခဲ့တဲ့အတွက် အခုဆိုရင်အိမ်သုံးလျှပ်စစ်မီတာခဟာ နှစ်ဆနီးပါးတိုးမြှင့်သွားမှာဖြစ်ပါတယ်။

ဒီ့အပြင် လုပ်ငန်းသုံးအမျိုးအစားအတွက် တိုးမြှင့်ကောက်ခံတဲ့ လျှပ်စစ်မီတာခမှာ (၁)ယူနစ်မှ (၅၀၀၀) ယူနစ်အထိ ၂၅၀ ကျပ်၊ (၅၀၀၁)ယူနစ်မှ (၂၀၀၀၀)ယူနစ်အထိ ၄၀၀ ကျပ်၊ (၂၀၀၀၁) ယူနစ်နဲ့အထက် ၅၀၀ ကျပ် တိုးမြှင့်ကောက်ခံမှာဖြစ်တယ်လို့ဆိုပါတယ်။

အရင်ကောက်ခံခဲ့တဲ့လုပ်ငန်းမီတာခတွေက (၁)ယူနစ် မှ(၅၀၀)ယူနစ်အထိ ၁၂၅ ကျပ် အနည်းဆုံးမှ (၁၀၀၀၀၁) ယူနစ်နဲ့အထက်ကို တစ်ယူနစ်လျှင် ၁၈၀ ကျပ်ဖြင့်သာ အများဆုံးကောက်ခံခဲ့ခြင်းဖြစ်လို့ အိမ်သုံးလျှပ်စစ် မီတာခတွေက (၂)ဆနီးပါး ၊လုပ်ငန်းသုံးမီတာခများမှာမူ (၃)ဆနီးပါး တိုးမြှင့်ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုလျှပ်စစ်မီတာခတွေတိုးမြှင့်ကောက်ခံရတာဟာလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ်တွေ နှစ်အလိုက် မြင့်မားလာလို့ ဓာတ်အားခနှုန်းထားတွေကို တိုးမြှင့်ကောက်ခံတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။