၂၀၂၄ ၊ဩဂုတ်လ ၊၂၉ရက်
ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗုဒ္ဓဟူးနေ့ လူထုဝတ်ပြုဆုတောင်းပွဲမှာ မြန်မာနိုင်ငံအပါအဝင် စစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ ငြိမ်းချမ်းရေးရရှိပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က “စစ်ဖြစ်နေတဲ့ နိုင်ငံတွေ အများကြီး ရှိနေပါတယ်။ ပါလက်စတိုင်း၊ အစ္စရေးလ်၊ ယူကရိန်း၊ မြန်မာ အပါအဝင် စစ်ဖြစ်နေတဲ့ နိုင်ငံအားလုံးမှာ ငြိမ်းချမ်းရေး ရရှိပါစေ” လို့ ဆုတောင်းခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် သီတင်းပတ်စဉ် ဝတ်ပြုဆုတောင်းပွဲမှာတော့ ပုပ်ရဟန်းမင်းကြီးက ရွှေ့ပြောင်းအခြေချသူတွေကို ပြန်ပြီး မောင်းထုတ်သူတွေကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်လို့သိရပါတယ်။