Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တိုင်း၊ကမာရွတ်(၁၅)ပေဂုံးတံတားတွင်ယာဉ်တိုက်မှုဖြစ်ပြီးအမျိုးသားနှစ်ဦးသေဆုံး၊သုံးဦးဒဏ်ရာရ

—————————————-

၂၀၂၄ခုနှစ်၊ဩဂုတ်လ၊(၂၉)ရက်

ရန်ကုန်တိုင်း၊ကမာရွတ်မြို့နယ်(၁၅)ပေဂုံးတံတားမှာယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးအမျိုးသားနှစ်ဦးသေဆုံးခဲ့ကာ သုံးဦး(စိုးရိမ်ရ)တယ်လို့မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

ဩဂုတ်လ(၂၈)ရက်၊ညပိုင်း(၁၁)နာရီ(၀၄)မိနစ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ဗဟိုလမ်း၊ (၁၅)ပေဂုံးတံတားမှာ Honda Fit ယာဉ်တစ်စီး အရှိန်လွန်ကာ တံတားအုတ်ဘောင်ကိုဝင်တိုက်မှုဖြစ်ပွားခဲ့တဲ့အတွက် ကမာရွတ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံပရဟိတအသင်းများနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် အမျိုးသားနှစ်ဦး (‌သေဆုံး)နဲ့ အမျိုးသားသုံးဦး(စိုးရိမ်ရ)တို့ကိုစမ်းချောင်းအရန်မီးသတ်(ရဲသူရိန်)မှ လူနာတင် ယာဉ်၊ MAN ပရဟိတအသင်း မှ လူနာတင်ယာဉ်၊ ရတနာအောင်ပရဟိတအသင်းမှ လူနာတင်ယာဉ် တွေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲတယ်လို့သိရပါတယ်။