———————————————————————————————————–
၂၀၂၄ခုနှစ်၊သြဂုတ်လ၊(၂၈)ရက်
တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက်ကျော်လွန်ရောက်ရှိလာတဲ့အတွက် အရေးပေါ်ပြောင်းရွှေ့မှုတွေ ပြုလုပ်နေရတယ်လို့တောင်ငူအခြေစိုက် ပရဟိတအသင်းတွေထံမှ သိရပါတယ်။
သြဂုတ်လ(၂၇)ရက်ညပိုင်းကစလို့ စစ်တောင်းမြစ်ရေအရမ်းတက်လာတဲ့အတွက် မြစ်ကမ်းအနီးရှိအနိမ့်ပိုင်းမှာ ရေကြီးမှုတွေဖြစ်ပေါ်ပြီး ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေကို တောင်ငူပရဟိတအသင်းတွေက ကူညီကယ် ဆယ်ရေးတွေလုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
‘‘မြစ်ရေကလည်းတက်လာတယ်။ဆွာဆည်ကလည်းကျော်နေတဲ့ ရေလွှတ်ဖို့ရှိတဲ့အတွက်တောင်ငူရပ်ကွက် (၈)(၉)(၁၀)နဲ့ စစ်တောင်းမြစ်ဘေးမှာရှိတဲ့ကျေးရွာတွေ အချိန်မီရွေ့ပြောင်းဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ တောင်ငူပရဟိတအသင်းတွေကလည်းရွေ့ပြောင်းပေးနေပါတယ်”လို့ မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့ S.RESCUEအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပြပါတယ်။
တောင်ငူမြို့မှာ လတ်တလောသြဂုတ်လ(၂၈)ရက်မှာ ရေဘေးသင့်သူတွေအတွက် ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ပေါ်တော်မူဘုရား၊ အုတ်ကျွန်း(၁)မူကြိုကျောင်း၊အ.ထ.က(၆)ကျောင်းတို့မှာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။