Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တရားမဝင်သစ် နှင့် သတ္တုတွင်းထွက်များထုတ်ယူသယ်ဆောင်မှု

တားဆီးရေး အရှိန်မြှင့်လုပ်ဆောင်မည်

၂၀၂၄ခုနှစ်၊ဩဂုတ်လ၊(၂၆)ရက်

တရားမဝင် သစ်နဲ့ သတ္တုတွင်းထွက်တွေ တရားမဝင်ထုတ်ယူ သယ်ဆောင်မှု တားဆီးရေးကို အရှိန်အဟုန်နဲ့ ဆက်လက်ဆောင် ရွက်သွားဖို့ လိုတယ်လို့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောပါတယ်။

ဩဂုတ် ၂၄ ရက်၊ မနက်ပိုင်းက တောင်ကြီးမြို့၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေး မှူးရုံး၊ ရတနာသစ်ခန်းမမှာ သစ်တော၊ သတ္တုနဲ့ ပတ်ဝန်းကျင်ကဏ္ဍက ဝန်ထမ်းတွေနဲ့ တွေ့ဆုံရာမှာ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ကအထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။

မြေပေါ် မြေအောက်သယံဇာတတွေကို စီမံခန့်ခွဲရတဲ့ဌာနဖြစ်တဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ လိုက်နာဆောင်ရွက်ဖို့လည်းလိုတယ်လို့ဆိုပါတယ်။

ဝန်ထမ်းတွေအနေနဲ့ အဂတိတရားကင်းရှင်းပြီး ပြည်သူကယုံကြည်လေးစား အားကိုးရတဲ့နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် လိုတယ်လို့လည်းပြောပါတယ်။