Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ယခုအပတ်စားအုန်းဆီဈေးရာဂဏာန်းတက်၊တစ်ပိဿာကျပ်(၆၃၇၅)ဖြင့်

ရောင်းချရန်သတ်မှတ်

—————————————————————————————————-

၂၀၂၄ခုနှစ် သြဂုတ်လ(၂၆)ရက်

အခုအပတ်မှာတော့ စားအုန်းဆီဈေးနှုန်းရာဂဏာန်းထပ်တက်လာပြီး စားအုန်းဆီရည်ညွှန်းဈေး ဟာ တစ်ပိဿာကို(၆၃၇၅)ကျပ်အထိရှိလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က စားအုန်းဆီဈေးနှုန်းတွေဟာ ရန်ကုန်အထိုင်ဈေး၊ အခြေခံလက်ကား ရည်ညွှန်း ဈေးနှုန်းမှာ တစ်ပိဿာကို(၆၁၇၀)ကျပ်သာရှိခဲ့တာဖြစ်ပါတယ်။

အခုအပတ်မှာတော့ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပိုတဲ့နိုင်ငံတွေမှာ ဈေးကွက်နဲ့ ဈေးနှုန်း ဖြစ်ပေါ်မှုတွေအရ ဩဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ရန်ကုန်အထိုင်ဈေး၊ အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းအနေနဲ့ တစ်ပိဿာကို(၆၃၇၅)ကျပ်နဲ့ ရောင်းချရမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားပါတယ်။

စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်တွေ၊ ဘဏ်စရိတ်တွေ၊ အခွန်အခတွေ ထည့်သွင်းတွက်ချက်ပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ဖောက်ကားရမယ့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ မသမာတဲ့ လုပ်ဆောင်မှုတွေပြုလုပ်ပါက အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ် ရေးကော်မတီမှ အသိပေးထုတ်ပြန်ထားပါတယ်။