၂၀၂၄ ဩဂုတ်လ ၂၄ရက်
မြန်မာနိုင်ငံကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာမူဝါဒကို ရေးဆွဲနေတယ်လို့လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။
ကလေးသူငယ်တွေရဲ့ဘဝသာယာဝပြောရေးနဲ့ကာကွယ်စောင့်ရှောက်မှု ပြီးပြည့်စုံစွာရရှိနိုင်ရေးကိုအရေးကြီးသောလုပ်ငန်းတစ်ရပ်အဖြစ်သတ်မှတ်ပြီးစဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာထိရောက်သောလုပ်ငန်းစဉ် တစ်ရပ်ဖြစ်လာစေရေးအတွက်မြန်မာနိုင်ငံကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာမူဝါဒကို ရေးဆွဲနေတယ်လို့ဆိုပါတယ်။
အခုလိုမူဝါဒရေးဆွဲတာဟာကလေးသူငယ်များအပေါ်အကြမ်းဖက်မှုများ၊အလွဲသုံးမှုများ၊ လျစ်လျူရှုမှုနှင့်ခေါင်းပုံဖြတ်မြတ်ထုတ်ခံရမှုများကနေထိထိရောက်ရောက်ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ကလေးငယ်တွေအတွက်ဘေးကင်းလုံခြုံပြီးကာကွယ်စောင့်ရှောက်မှုရှိသော ပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရည်ရွယ်တယ်လို့လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။