Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဂျာမနီနိုင်ငံတွင် အသိစိတ်လွတ်နေသူတစ်ဉီးက ဓါးနဲ့လိုက်လံတိုက်ခိုက်ရာ လူသုံးဉီး‌ေ-သဆုံး

၂၀၂၄ ဩဂုတ်လ ၂၄ရက်

ဂျာမနီနိုင်ငံ ဆိုလင်ဂမ်မြို့မှာ အသိစိတ်လွတ်နေတဲ့အမျိုးသားတစ်ဉီးက ဓါးနဲ့လိုက်လံတိုက်ခိုက်ခဲ့တာကြောင့် လူသုံးဉီး‌ေ-သဆုံးကာ လေးဉီး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ CNNသတင်းဌာနမှာဖော်ပြထားပါတယ်။

ဆိုလင်ဂမ်မြို့ရဲ့ နှစ်၆၅၀ပြည့်အထိမ်းအမှတ်ပွဲပြုလုပ်နေကြတဲ့အချိန်ဖြစ်တဲ့ည၉နာရီ၄၀မိနစ်လောက်မှာ အသိစိတ်လွတ်နေတဲ့အမျိုးသားဟာ ပွဲကြည့်စဉ်နားက လူအများကိုဓါးနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဂျာမနီရဲတပ်ဖွဲ့ကပြောပါတယ်။

အခုဖြစ်စဉ်ကြောင့် လူသုံးဉီး‌ေ-သဆုံးကာအများအပြားဒဏ်ရာရရှိခဲ့ပြီးလေးဉီးမှာစိုးရိမ်ရကြောင်းCNNသတင်းဌာနကဖော်ပြထားတာဖြစ်ပါတယ်။