၂၀၂၄ သြဂုတ် ၂၃ ရက်
တောင်ကိုရီးယားနိုင်ငံ ဘူချွမ် မြို့မှာ ၉ ထပ်တိုက် ဟိုတယ်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၇ ဦး ေ-သဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ် လို့ ယွန်းဟတ် သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဩဂုတ်လ ၂၂ရက် ဒေသစံတော်ချိန် ည ၇ နာရီ ၃၉ မိနစ်ခန့် မှာ မီးလောင်ကျွမ်းမှု စတင် ဖြစ်ပွားခဲ့ပြီး ေ-သဆုံးသူတွေထဲမှာ နိုင်ငံခြားသားတွေလဲ ပါဝင်တယ်လို့ မီးသတ်ဌာနနဲ့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ဟိုတယ်မှာရှိတဲ့ လူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ တောင်ကိုရီးယား ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။